အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် မြန်မာအသင်း ပြန်လည်လေ့ကျင့်

၂၉ ဇူလိုင်


မြန်မာ ယူ-၁၈ အသင်းသည် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ဇူလိုင် ၂၉ ရက်မှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိသည်။ မြန်မာ ယူ-၁၈ အသင်းသည် အာဆီယံပြိုင်ပွဲအတွက် ပဏမကစားသမား ၂၈ ဦးဖြင့်ပြန်လည် လေ့ကျင့်နေခြင်းဖြစ်သည်။


မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၂၆ ရက်တွင် ဂျပန်ခြေစမ်းခရီးစဉ်မှ ပြန်လည်ရောက်ရှိခဲ့ပြီး တစ်ရက်သာနားကာ ပြန်လည်လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဂျပန်ခရီးစဉ်မှ အတွေ့အကြုံကိုယူကာ အပြီးသတ်ပြင်ဆင်နေခြင်းဖြစ်ပြီး အပြီးသတ်ကစားသမား ၂၃ ဦးကို ရက်ပိုင်းအတွင်း ရွေးချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် ယခုအသင်းကို ကာလရှည်လေ့ကျင့်ပြင်ဆင်ထားသောကြောင့် ကစားသမားများ၏ ခြေစွမ်းနှင့် ဒဏ်ရာအခြေအနေအပေါ် မူတည်၍ အပြီးသတ်လူစာရင်းထုတ်ပြန်မည်ဖြစ်သည်။ မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို သြဂုတ် ၆ ရက်မှ ၁၇ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်နေသည်။ 


၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၈ အသင်းတွင် နည်းပြချုပ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုးသမား-ပြည့်ဖြိုးသူ၊ နေလင်းထက်၊ စောထက်၊ နောက်တန်း-ညဏ်လင်းထက်၊ ဝေယံစိုး၊ သက်ဟိန်းစိုး၊ မျိုးကိုကိုလင်း၊ စောထောနေမူး၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ကောင်းခန့်ကျော် (၁)၊ ရဲထက်အောင်၊ အလယ်တန်း-ရန်ကျော်စိုး၊ နောင်နောင်စိုး၊ ရန်နိုင်လင်း၊ ဇော်ဝင်းသိန်း၊ ရဲမင်းကျော်၊ လမင်းထွေး၊ သြဘာခ၊ မိုးဆွေ၊ အောင်ကိုဦး၊ သူရအောင်၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ ကောင်းခန့်ကျော် (၂)နှင့်ကောင်းဇင်မိုးတို့ ပါဝင်နေသည်။


သတင်း-ညီမြတ်သော်တာ