နေပြည်တော် ဇွန် ၇
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ASEAN U19 BOYS’ BANK SUMUT CHAMPIONSHIP တတိယပွဲစဉ်အဖြစ် ယနေ့ည ၇ နာရီခွဲက တီမောလက်စ်တေ ယူ-၁၉ အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့ Teladan အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ မြန်မာ ယူ-၁၉ အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းအတွက် ဂိုးများကို လမင်းပြည့်စုံ၊ စွမ်းဇာနည်နှင့် စိုင်းဘိုဘိုကျော်တို့က သွင်းယူခဲ့ကြသည်။
မြန်မာ ယူ- ၁၉ အသင်းသည် တီမော ယူ-၁၉ အသင်းနှင့် အုပ်စုနောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အုပ်စုပထမပွဲ၌ အိမ်ရှင် အင်ဒိုနီးရှားအသင်း၊ အုပ်စုဒုတိယပွဲ၌ ဗီယက်နမ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ရမှုကြောင့် အုပ်စုအဆင့်ကနေ ထွက်ခွာရပြီဖြစ်သည်။
မြန်မာ့အလင်း


