ရန်ကုန်   မေ   ၂၅

မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းသည် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယူဂျီသည် အသင်းကို ကာလရှည်လေ့ကျင့်ပြင်ဆင်ထားပြီး ပြိုင်ပွဲနီးကပ်လာချိန်တွင်  အပြီးသတ်ကစားသမားများ ရွေးချယ်ခဲ့ခြင်းဖြစ် သည်။ ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းတွင် ဂိုးသမား-ကောင်းကင်ကြယ် (ရန်ကုန်စီးတီး)၊ ဖုန်းပြည့်စုံဦး(Junior Lions)၊ စိုင်းခန့်မင်းညို(JuniorLions)၊ နောက်တန်း- သက်ပိုင်စိုး၊ သီဟအောင်၊ ဇော်လင်းအောင်၊ စိုင်းမောဝ်ဟန်၊ စွမ်းဇာနည်၊ ဇေထက်အောင်၊ စိုင်းဇွန်ရှမ်း(Junior Lions)၊ မျိုးခန့်ကျော်(Falcon)၊ စိုင်းခမ်းညီ(ဧရာဝတီယူနိုက်တက်)၊ အလယ်တန်း- သော်ဇင်ကို၊ ကျော်သီဟ၊ ကြယ်ရောင်မင်းလေး၊ ကျော်ညီညီ၊ ခန့်ဝင်းအောင်၊ ညဏ်စိုးစံ၊ ခွန်မောင်လုံး (Junior Lions)၊ ကောင်းခန့်ကျော် (ဟံသာဝတီယူနိုက်တက်)၊  ရှေ့တန်း - သူရမင်းခန့်၊ စိုင်းဘိုဘိုကျော်(Junior Lions)၊ လမင်းပြည့်စုံ(ရန်ကုန်ယူနိုက်တက်)တို့ ပါဝင်ကြသည်။

အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ဇွန် ၁ ရက်မှ ၁၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(A)တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမောအသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် ဇွန် ၁ ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဇွန် ၄ ရက်တွင် ဗီယက်နမ်အသင်း၊ ဇွန် ၇ ရက်တွင် တီမောအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း - မောင်စံကြီး

ဓာတ်ပုံ - MFF