အာဆီယံအစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ ပါဝင်ဆွေးနွေး

ဘန်ဒါဆီရီဘီဂါဝန် ဩဂုတ် ၅

 

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သည် ဝန်ကြီးများအဆင့် အစည်းအဝေးများကို အွန်လိုင်းမှ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးများတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။

 

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကအာဆီယံအဖွဲ့ဝင်နိုင်ငံများကို ကူညီရန် ကတိပြုခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသအတွက် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဘလင်ကန်က ပြောကြားလိုက်သည်။

 

အမေရိကန်ပြည်ထောင်စုသည် ဒေသတွင်း၌ နိုင်ငံတကာဥပဒေကို လက်ကိုင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြသည်။

 

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကို ဆန့်ကျင် တိုက်ဖျက်ရာတွင်လည်း ကူညီသွားမည်ဖြစ်ကြောင်း ဘလင်ကန်က ကတိပေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဆီယံနိုင်ငံများ ရင်ဆိုင်နေရသော မည်သည့်စီးပွားရေး ထိခိုက်မှုမျိုးကိုမဆို အမေရိကန်နိုင်ငံက ကူညီသွားမည်ဖြစ်ကြောင်း ဘလင်ကန်က ပြောသည်။

 

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးတွင် ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ