“ အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ)၏ (၁/၂၀၁၉)အစည်းအဝေးကျင်းပ ”

နေပြည်တော် ၃၀  မေ

 

အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ) ၏(၁/၂၀၁၉) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အသင်းဉက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ အာဆီယံ ဥပဒေပညာရှင်များအသင်း(ALA)သည် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလတွင်အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပခဲ့သော “Legal Development in ASEAN Countries Conference” တွင်အာဆီယံဒေသတွင်းဆိုင်ရာ ရှေ့နေအဖွဲ့အစည်း ဖွဲ့စည်းရန်အဆိုပြုခဲ့ခြင်းမှ စတင်ပေါ်ပေါက်ခဲ့ပါကြောင်း၊ အဆိုပါအသင်းသည် အာဆီယံ ဥပဒေဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်ဆောင်ရွက်ရပါကြောင်း၊ အာဆီယံနိုင်ငံများရှိ ဥပဒေ ပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းနှင့် ဒေသတွင်း ဥပဒေဆိုင်ရာကိစ္စရပ်များ တွင် ပါဝင်ဆောင်ရွက်ရပါကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ(၁၈)  ရက်တွင် ALA သို့အဖွဲ့ဝင် နိုင်ငံအဖြစ်ဝင်ရောက်ခဲ့ပါကြောင်း၊ ALA ၏ဖွဲ့စည်းပုံစည်းမျဉ်းအရတရားစီရင်ရေး အဖွဲ့အစည်းများ၊ အစိုးရရှေ့နေများ၊ဥပဒေအကျိုးဆောင်ရှေ့နေများ၊ ဥပဒေတက္ကသိုလ်များမှဆရာ/ ဆရာမများဖြင့် အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ)ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ဥပဒေပညာဖြင့်အသက်မွေး ဝမ်းကျောင်းပြုနေသူများသည်အာဆီယံ ဥပဒေပညာရှင်များအသင်း (မြန်မာ)သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း၊ALA အသင်းဝင်များအကြားပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်း၊အတွေ့အကြုံဖလှယ်ခြင်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး အဖွဲ့ဝင်များက အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 


အဆိုပါအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ အနက် ပါမောက္ခဒေါက်တာခင်ချစ်ချစ်၊ ပါမောက္ခဒေါက်တာခင်ဖုန်းမြင့်ကြူ၊ တရားလွှတ်တော် ရှေ့နေဦးစိုးတင့်ရည်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာသီတာဦးနှင့် ဒေါက်တာဆွေဆွေအောင်တို့ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)