အာဆင်နယ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အက်ဇီဟာ ဒဏ်ရာပြဿနာကြောင့် တစ်လကြာအနားယူရမှာဖြစ်ပါတယ်။

အသက်(၂၇)နှစ်အရွယ် အက်ဇီဟာ ပြီးခဲ့တဲ့သီတင်းပတ်က အာဆင်နယ်အသင်းက  လေဗာကူဆင်အသင်းကို  အနိုင်ရရှိခဲ့တဲ့  ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာရရှိခဲ့တာကြောင့် မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ လွဲချော်ခဲ့တာဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ အက်ဇီဟာ ရက်သတ္တလေးပတ်မှ ခြောက်ပတ်အထိ အနားယူရဖို့ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းမှာ အက်ဇီဒဏ်ရာကြောင့်လွဲချော်ခဲ့ရတဲ့အပြင် ကွင်းလယ်ကစားသမား အိုဒီဂတ်ဟာလည်း ဒဏ်ရာပြဿနာနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား အိုဒီဂတ်ကတော့ နော်ဝေအသင်းရဲ့ နိုင်ငံတကာပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် တစ်လကြာအနားယူခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် ဧပြီ ၄ ရက်မှာ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။                                                                 

ငွေကြယ်