အာဆင်နယ်ဘောလုံးသမား အိုဇေးဟာ သတင်းအမှားတွေရဲ့ ထောင်ချောက်မှာ မိနေတယ်လို့ တရုတ်ပြောဆို

၁၆ ဒီဇင်ဘာ

အာဆင်နယ်ဘောလုံးသမား အိုဇေးဟာ တရုတ်နိုင်ငံ ရှန်ကျင်းပြည်နယ်ထဲက  ဝီဂါ လူနည်းစုတွေအပေါ် အစိုးရရဲ့ဖိနှိပ်မှုကို ဆန့်ကျင်ကြောင်း ပို့စ်တစ်ခုကို သူ့ရဲ့တွစ်တာအကောင့်ပေါ်မှာ သောကြာနေ့က ရေးသားလိုက်ပါတယ်။ အဲဒီပို့စ်နဲ့ ပတ်သတ်ပြီး အိုဇေးဟာ သတင်းအမှားတွေရဲ့ထောင်ချောက်မှာ မိနေသူဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အာဆင်နယ်ဘောလုံးအသင်းနဲ့ မန်စီးတီးတို့ပွဲစဉ်ကိုလည်း CCTVကနေ ပြသဖို့ ငြင်းဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းကတော့ အိုဇေးရဲ့ပို့စ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဝေဖန်ခြင်းမရှိတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက မစ္စတာ အိုဇေးဟာ ရှန်ကျင်းပြည်နယ်ကို ကိုယ်တိုင်ရောက်၊ မရောက်တော့ မသိဘူး။ သူ့ကြည့်ရတာ သတင်းမှားတွေရဲ့ ထောင်ချောက်မှာ မိနေတယ်။ ရှန်ကျင်းကို သွားပြီး လည်ပတ်ချင်တယ်ဆိုရင် သူတို့အနေနဲ့ ဖိတ်ခေါ်ကြောင်း ပြောဆိုလိုက်ပါတယ်။

MDN

ကိုကား - AFP