အာဆင်နယ်ကွင်းလယ်လူ မစ်ခီတာယန် အငှားစာချုပ်ဖြင့်ရိုးမားသို့ပြောင်းရွှေ့မည်

၃  စက်တင်ဘာ

အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား မစ်ခီတာယန်ဟာ တစ်ရာသီ အငှားစာချုပ်နဲ့ အီတလီစီးရီးအေကလပ် ရိုးမားအသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ မစ်ခီတာယန်ရဲ့လုပ်ခလစာကို ပေးချေရမှာဖြစ်ပြီး အခုချုပ်ဆိုမယ့် အငှားစာချုပ်ကတော့ အငှားစာချုပ်သက်တမ်းကုန်ရင် အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူခွင့်ရရှိမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

မစ်ခီတာယန်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက မန်ယူအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ မစ်ခီတာယန်အနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ၅၉ ပွဲအထိ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုးကိုးဂိုးသွင်းယူပေးထားတာ ဖြစ်ပါတယ်။ မစ်ခီတာယန်ဟာ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပြီး လက်ရှိမှာ ရိုးမားအသင်းကို အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်