အာကာသထဲသို့ ဂြိုဟ်တုအသစ်သုံးစင်းကို  တရုတ်နိုင်ငံက အောင်မြင်စွာလွှတ်တင်

 

ဝန်ချန်း၊ ဇန်နဝါရီ ၉

 

တရုတ်နိုင်ငံသည် ဟိုင်နန်ကျွန်းပြည်နယ်တောင်ပိုင်းရှိ ဝန်ချန်းအာကာသ လွှတ်တင်ရေးစင်တာမှ အာကာသထဲသို့ ဂြိုဟ်တုအသစ်သုံးစင်းကို ဇန်နဝါရီ ၉ ရက်က အောင်မြင်စွာလွှတ်တင်လိုက်ကြောင်း သိရသည်။

 

ရှီကျန်း -၂၃၊ ရှီယွမ် -၂၂ အေနှင့် ရှီယွမ် - ၂၂ ဘီ ဟု အမည်ရသော အဆိုပါ ဂြိုဟ်တုသုံးစင်းကို လောင်းမာ့ချ် သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၆ နာရီတွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ် သတ်မှတ်ထားသော ဂြိုဟ်တုပတ်လမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။

 

ရှီကျန်း -၂၃ ဂြိုဟ်တုကို သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်မှုများနှင့် နည်းပညာပိုင်းဆိုင်ရာ အတည်ပြုရေးတွင် အဓိကထားအသုံးပြုသွားမည်ဖြစ်ပြီး ရှီယွမ် -၂၂ အေ နှင့် ရှီယွမ် - ၂၂ ဘီကို အာကာသပတ်ဝန်းကျင် စောင့်ကြည့်ခြင်းကဲ့သို့သော နည်းပညာသစ်များ၏ ပတ်လမ်းအတွင်း အတည်ပြု စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 

ယခုအကြိမ် ဂြိုဟ်တုသုံးစင်းလွှတ်တင်မှုသည် လောင်းမာ့ချ် သယ်ဆောင်ရေးဒုံးပျံများ၏ (၄၅၉) ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ