အားကစားအရင်းအမြစ် အခြေအနေများ စိစစ်လေ့လာခြင်းဆိုင်ရာ သုတေသန ပြုလုပ်နိုင်ရေးအတွက် Proforma နှင့် Focus Group Discussion သင်တန်းဖွင့် 

ရန်ကုန်  ၂၉   ဇူလိုင် 
    


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲမှ ပြုလုပ်ကျင်းပသည့် ၂၀၁၉ခုနှစ်၊ အားကစားအရင်းအမြစ် အခြေအနေများအား စိစစ်လေ့လာခြင်းဆိုင်ရာ သုတေသနပြုလုပ်နိုင်ရေးအတွက် Proforma နှင့် Focus Group Discussion သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရန်ကုန်မြို့ အားကစားနှင့် ကာယ ပညာသိပ္ပံ(ရန်ကုန်) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

နတ္၄


    
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က သုတေသနလုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံ၊ ဒေသ တစ်ခု၊ ဌာနတစ်ခု တိုးတက်အောင်ဆောင်ရွက်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ်တာ ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့  ဦးစီးဌာန အလိုက် သုတေသနလုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာနိုင်အောင် ပံ့ပိုးဆောင်ရွက်မှုများ လုပ်ဆောင်နေပါကြောင်း၊ ဒီသင်တန်းဟာ ဒုတိယအကြိမ် ဖွင့်လှစ်တာဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အားကစားပြိုင်ပွဲများ ကျင်းပပေးနိုင်မှု၊ ပြည်သူများပါဝင်လာမှုနှင့် အားကစားအရင်း အမြစ် အခြေအနေများအား စိစစ်လေ့လာနိုင်ရေး   တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသားများ အနေဖြင့် Proforma အချက်အလက် Data  များ ဖြည့်သွင်းရာတွင် မိမိတိုင်း၊ ခရိုင်၊ မြို့နယ်များမှ ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲအခြေအနေ အားကစားကွင်း/ရုံအခြေအနေ၊ အားကစားနည်းပြများနှင့် အားကစားစီမံခန့်ခွဲမှုအခြေအနေ၊ အားကစားပစ္စည်းထောက်ပံ့ပေးနိုင်မှု အခြေအနေများကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ အချိန်နှင့်တစ်ပြေးညီ ပြုစုတင်ပြနိုင်ဖို့ လိုအပ်ပါကြောင်း၊ တဆက်တည်းမှာကြားလိုတာကတော့ သုတေသနအဖွဲ့ဝင်များမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များကို အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ (Focus Group Discussion)  ကွင်းဆင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက် နိုင်ရန်အတွက် သင်တန်းမှပို့ချလိုက်သည့် အချက်အလက်များကို ဂရုစိုက်လေ့လာမှတ်သားပြီး ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထားဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။


    
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းနည်းပြ ဆရာ/ဆရာမများဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အကြံပေးအရာရှိ ဒေါက်တာရဲတင့်လွင်နှင့် ဆေးသုတေသနဌာနမှ သုတေသန အရာရှိ ဒေါက်တာကျော်မင်းထွန်း၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန် တို့အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။


    
အဆိုပါသင်တန်းကို (၂၉.၇.၂၀၁၉)ရက်နေ့ တစ်ရက်တည်းသာဖွင့်လှစ်တာဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား ၃၀၊ ဆေးဘက်ဆိုင်ရာ ဌာနခွဲ မှ (၃)ဦးနှင့် အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲမှ (၇)ဦး၊ စုစုပေါင်းသင်တန်းသား(၄၀) ဦးတို့အား သင်တန်းနည်းပြဆရာများက သုတေသနပြုလုပ်ရမည့် ရည်ရွယ်ချက်နှင့်လုပ်ဆောင် မည့်အစီအစဉ်များအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သုတေသနဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ သုတေသနအဆိုပြုလွှာ Proposal  တင်ပြ ဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ Overview of data  Collection  ? Filling the data Collection  Forms ? Conducting focus Group Discussion  ? Guideline for focus Group Discussion ? Plan  for Field data  Collection and  Discussion များ နှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းစဉ်များ ဆွေးနွေးသင်ကြားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

MDN