မန္တလေး ဇူလိုင် ၂၃
ပညာရေးဝန်ကြီးဌာနနှင့် အားကစားရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အားကစားနည်းများ သရုပ်ပြခြင်းကို ဇူလိုင် ဒုတိယပတ်က ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ဗိုဗီနမ်အားကစားခန်းမ၌ ပြုလုပ်သည်။
အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)မှ သင်တန်းသား သင်တန်းသူများက ကရာတေး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ ဝူရှူး (ထောက်လု)(ဆန်းဆို)၊ ဂျူဒို၊ အလေးမအားကစားနည်းများ သရုပ်ပြပြီး အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်က ကျောင်းသား ကျောင်းသူများအား အားကစားပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)


