အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ  ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊  ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသားကျောင်းသူလေးများက ဒို့ချစ်တဲ့ သိပ္ပံ  သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို အားဖြည့်ဖွဲ့စည်းပေးထားပါ ကြောင်း၊  အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့နှင့် အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး အထက်တန်းကျောင်းများသည်  အားကစားသာမက ပညာရေးကိုပါ ထူးချွန် အောင် သင်ကြားပေးရသည့်အတွက် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ ဆရာမ များအနေ ဖြင့် ကျောင်းသဘောသဘာဝကို နားလည်ပြီး ကျောင်းသား ကျောင်းသူများ၏ ပညာရေး တိုးတက် ရန်အတွက် ဝါသနာ၊ စေတနာ၊ အနစ်နာ အရင်းခံ၍ ဆရာဝတ်နှင့်အညီ ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြာသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ကျောင်းအကျိုးတော်ဆောင် ရန်ပုံငွေသို့ ငွေကျပ်သိန်း(၁၀၀)ပေးအပ်လှူဒါန်းရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က လက်ခံရယူသည်။

ယနေ့အခမ်းအနားတွင် အလှူရှင်များက စုစုပေါင်းလှူဒါန်းငွေကျပ် (၄၀၇)သိန်းကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန် ကြီးဦးမျိုးမြင့်အောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးဌေးအောင်၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား ကျောင်းသူလေးများက Myanmar Fitness Dance ၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ အားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်  မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ခင်လေးမွန်တို့က သရုပ်ပြဖျော်ဖြေကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်းများသည် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားကစားနည်းအလိုက် ခင်းကျင်းပြသထားသည့် အားကစားပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်