အားလုံးရဲ့မေတ္တာ စေတနာနဲ့ ရတာပါ။ ကျွန်တော်ကတော့ ဘယ်ဇာတ် ကားပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့ပါတယ် (သူထူးစံ -အကောင်းဆုံးအမျိုးသားရုပ်ရှင် ဇာတ်ဆောင် ထူးချွန်ဆု)

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားတွင် ထူးချွန်ဆု ရရှိခဲ့သူများ၏ ပီတိစကားသံ

ဒီနှစ်မှာ ကျွန်တော်ရိုက်ထားတာ ဒီတစ်ကားပဲရှိတယ်။ ပြီးတော့ဒီနှစ်မှာ ဇာတ်ကားကောင်းတွေလည်း အများကြီးရှိတယ်။ အားလုံးရဲ့မေတ္တာ စေတနာနဲ့ ရတာပါ။ ကျွန်တော်ကတော့ ဘယ်ဇာတ် ကားပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ အခြေအနေ၊ အချိန်အခါနဲ့ အခွင့်အရေး ကိုက်ညီ သွားလို့ရတာပါ။ ကျွန်တော့်ပရိသတ် ကြီးကိုလည်း ပြောထားပြီးပါပြီ သိပ်ပြီး အောင်မြင်သွားအောင် မမျှော်လင့်ပါနဲ့ ပုံမှန်ပဲ ကျွန်တော်လုပ်သွားမှာပါ။

တွေ့ဆုံမေးမြန်း-ဇော်ကြီး(ပဏီတ)

ဓာတ်ပုံ-ဖေဇော်