အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ အပစ်အခတ်ရပ်စဲရေး အသစ်ကို သဘောတူ

ဘာကူ  ၁၉ အောက်တိုဘာ

 

 

အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများသည် အောက်တိုဘာ ၁၇ ရက်က အပစ်အခတ် ရပ်စဲရေး ထပ်မံကြိုးပမ်းရန် သဘောတူခဲ့ကြသည်။

 

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဗ်ရို့မ်နှင့် အောက်တိုဘာ ၁၇ ရက်က ဖုန်းဖြင့် ဆွေးနွေးပြီးနောက် အဆိုပါ    နိုင်ငံခြားရေးဝန်ကြီးများသည်   ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

 

 

အကျဉ်းသား လဲလှယ်ခြင်းစသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စများအတွက် အပစ်အခတ် ရပ်စဲရေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားကြသည်။

 

 

အဇာဘိုင်ဂျန်ရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဂန်ဂျာမြို့ တိုက်ခိုက်ခံရခြင်းကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု အဇာဘိုင်ဂျန်ဘက်က ပြောကြားခဲ့သည်။

 

 

အဇာဘိုင်ဂျန်သမ္မတ အီဟမ်အေလီယက်ဗ်က အာမေးနီးယားနိုင်ငံကို စစ်ရာဇဝတ်ကောင်အဖြစ် စွပ်စွဲခဲ့ပြီး ပြန်လည်လက်တုံ့ပြန်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

 

 

အဇာဘိုင်ဂျန်ကို ထောက်ခံသည့် တူရကီနိုင်ငံကမူ ၎င်းတို့၏ သဘောထားတင်းမာမှုအတိုင်း ရပ်တည်လျက်ရှိသည်။      

 

 

အင်န်အိတ်ချ်ကေ