အာမခံကုမ္ပဏီက သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားရာ ဒေသမှ ပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အာမခံပေါ်လစီ တင်သွင်း

၂၅ စက်တင်ဘာ


သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားနေစဉ်အတွင်း ၎င်းတို့ နေအိမ်များမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် ပြည်သူများကို အားပေးကူညီရန် ရည်ရွယ်သည့် အာမခံပေါ်လစီ တစ်ရပ်ကို တင်သွင်းမည်ဟု အာမခံကုမ္ပဏီ တစ်ခုက ဆိုသည်။


Aioi Nissay Dowa အာမခံ ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် လူပေါင်း ၂၇၀ ကျော် သေဆုံးခဲ့သော မိုးရွာသွန်းမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် အာမခံပေါ်လစီ သဘောသဘာဝကို စတင်လေ့လာခဲ့သည်။


ဒေသန္တရ အစိုးရများ၏ ဘေးကင်းရာသို့ ရွှေ့ပြောင်းရေး အမိန့်များနှင့် အကြံပြုချက်များ ထုတ်ပြန်ထားသော်လည်း ဒေသခံအများအပြား သေဆုံးခဲ့ကြသည်။


ထိုကုမ္ပဏီ၏ ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးဆိုင်ရာ အာမခံ ပေါ်လစီသည် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည့် အတွက် တက္ကစီ သို့မဟုတ် ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး လုပ်ငန်းပါဝင်မည် ဖြစ်သည်။


၎င်းသည် ဘေးကင်းရာသို့ ရွှေ့ပြောင်းသည့် ကုန်ကျစရိတ်ကိုလည်း အာမခံမည် ဖြစ်သည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို