အာမခံဖြင့် လွှတ်ပေးထားသည့် နစ်ဆန်းဉက္ကဌဟောင်း လက်ဘနွန်တွင်ရှိနေ

ဂျပန်နိုင်ငံတွင် အာမခံဖြင့် လွှတ်ပေးခဲ့သည့် နစ်ဆန်းမော်တာဉက္ကဌဟောင်း ကားလို့စ်ဂိုဆင်မှာ  လက်ဘနွန်နိုင်ငံသို့ရောက်ရှိနေကြောင်း ဉရောပနှင့် အမေရိကန်မီဒီယာများက ပြောကြားသည်။

 

ကားလို့စ်ဂိုဆင်ဟု ထင်ရသူတစ်ဉီးမှာ မြို့တော် ဘေရွတ်သို့ လေယာဉ်ဖြင့်ရောက်ရှိလာခဲ့ပြီး အခြားနာမည်တစ်မျိုးဖြင့် ဝင်ရောက်လာခဲ့ကြောင်း  လက်ဘနွန်မှ လုံခြုံရေးတာဝန်ရှိသူ တစ်ဉီးက အန်အိတ်ချ်ကေသို့ ပြောကြားခဲ့သည်။

 

ဂိုဆင်မှာ နစ်ဆန်း၏ လုံခြုံရေးအစီရင်ခံစာတွင် အမှုဆောင်လျော်ကြေးငွေ လျော့ပေါ့ခြင်းနှင့် ရန်ပုံငွေအလွဲသုံးစားလုပ်ခြင်းတို့ဖြင့် စွဲချက်တင်ခံခဲ့ရပြီး ရန်ပုံငွေများကို သံသယဖြစ်ဖွယ်ရာ မလျော်မကန်ပြုလုပ်၍ ချိုးဖောက်ခဲ့သည်ဟုဆိုသည်။

 

တိုကျိုခရိုင်တရားရုံးက ၎င်းကို ဧပြီလတွင် နိုင်ငံခြားခရီးသွားလာခွင့်ကို ပိတ်ပင်မှုအပါအဝင် ထောင်မှ အာမခံဖြင့်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

ဂိုဆင်သည် တူရကီနိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ယမန်နေ့ညကရောက်ရှိလာကြောင်း ပြင်သစ်သတင်းစာ Les Echos က ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ခ်ျကေ

ဘာသာပြန်-မေဇော်ထက်