အာဖဂန်ဒုက္ခသည် ၁၀၀၀ ကျော် နေရပ်သို့ ပြန်လည်ရောက်ရှိ

ကဘူးလ် မေ ၃၁

 

အာဖဂန်နစ္စတန်နိုင်ငံမှ ဒုက္ခသည် စုစုပေါင်း ၁၀၉၄ ဦးသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ပါကစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံတို့မှ မေ ၂၉ ရက်တွင် နေရပ်သို့ ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ဒုက္ခသည်များနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာန က မေ ၃၀ ရက်တွင် အတည်ပြုပြောကြားသည်။

 

အီရန်နိုင်ငံမှ အာဖဂန်ဒုက္ခသည် ၈၅၄ ဦးသည် အာဖဂန်နစ္စတန်နိုင်ငံ နီမရော့ဇ် ပြည်နယ်မြောက်ပိုင်းရှိ နယ်စပ် ဖြတ်ကျော် စစ်ဆေးရေးဂိတ်မှတစ်ဆင့် ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံမှ အထောက်အထားမဲ့ အာဖဂန်ဒုက္ခသည် ၂၄၀ သည် အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဒုက္ခသည်များနှင့် နေရပ် ပြန်လည်ပို့ဆောင်ရေးဝန်ကြီး ဌာနက ပြောကြားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများအနက်မှ ၂၅၀ အား လူသားချင်းစာနာထောက်ထားမှု အကူ အညီများ လက်ခံရရှိရန် ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အေဂျင်စီသို့ လွှဲပြောင်းထားကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ဒုက္ခသည်များနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

၂၀၂၁ ခုနှစ် ဩဂုတ်လ နောက်ပိုင်းမှစတင်ကာ အဓိကအားဖြင့် အိမ်နီးချင်းနိုင်ငံများမှ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် အာဖဂန်နစ္စတန် ဒုက္ခသည်အရေအတွက်သည် ၆၅၃၀၀၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း အာဖဂန်နစ္စတန်နိုင်ငံ ဒုက္ခသည်များနှင့် နေရပ် ပြန်လည်ပို့ဆောင်ရေးဝန်ကြီး ဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်