အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် အိုင်အက်စ်အဖွဲ့ဝင် သုံးဦး အပါအဝင် စစ်သွေးကြွ ၂၃ ဦးတို့ လက်နက်ချ၊ တိုက်ပွဲများရပ်

၂၉ သြဂုတ်


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အိုင်အက်စ်အဖွဲ့ဝင် သုံးဦး အပါအဝင် စစ်သွေးကြွ ၂၃ ဦးနှင့် တာလီဘန် ၂၀ ဦး တို့သည် ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ပဲ ၎င်းတို့၏ လက်နက်များကို အာဖဂန်နစ္စတန်အရှေ့ပိုင်း နာဂါဟာပြည်နယ်ရှိ ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ယနေ့ဖော်ပြထားသည်။


ထိုကြေညာချက်အရ အိုင်အက်စ်သောင်းကျန်းသူ သုံးဦးသည် ဒေသခံအာဏာပိုင်များထံ လက်နက်ချခဲ့ပြီး ၎င်းတို့၏လက်နက်များကို ရဲတပ်ဖွဲ့ထံသို့ ယမန်နေ့က အပ်နှံခဲ့ကြောင်း သိရသည်။


အလားတူပင် တာလီဘန်တပ်ဖွဲ့ သစ္စာခံစစ်သွေးကြွ ၂၀ ဦးသည် တိုက်ပွဲများရပ်တန့်ပြီး ယမန်နေ့ကပင် နာဂါဟာပြည်နယ် ဂျလာလာဗတ်မြို့တော်ရှိ အစိုးရကျောထောက်နောက်ခံ ငြိမ်းချမ်းရေးလုပ်ငန်စဉ် ကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။


ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အိုင်အက်စ် နှင့် တာလီဘန်တပ်ဖွဲ့ တို့က ယခုထိ မှတ်ချက်ပြုပြောကြားခြင်းမရှိသေးပေ။


ကာတာနိုင်ငံ မြို့တော် ဒိုဟာ တွင် တာလီဘန် ကိုယ်စားလှယ်များ နှင့် အမေရိကန် ကိုယ်စားလှယ်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်း စစ်သွေးကြွများက လုံခြုံရေးတပ်ဖွဲ့များထံသို့ လက်နက်ချခဲ့သည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို