အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် လက်နက်ကိုင်အုပ်စုများ တိုက်ပွဲဖြစ်ပွား အရပ်သား သုံးဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ

၈ သြဂုတ်

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း တက်ခ်ခါ ပြည်နယ်တွင် ယမန်နေ့က လက်နက်ကိုင်အုပ်စုနှစ်စုအကြား တိုက်ပွဲများဖြစ်ပွားသဖြင့် အပြစ်မဲ့အရပ်သား သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း  ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဘဒူလ် ခါလီလ် အာဆာ က ယနေ့ပြောကြားခဲ့သည်။

အဆိုပါ ပြည်နယ် ချာဟဘ် ခရိုင်တွင် ယမန်နေ့ညပိုင်းက လက်နက်ကိုင်အုပ်စုနှစ်စု အပြန်အလှန် တိုက်ခိုက်မှုကြောင့် ယခုချိန်အထိ အရပ်သား သုံးဦး သေဆုံးခဲ့ပြီး အခြား ငါးဦး သေဆုံးခဲ့ကြောင်း အာဆာ က သတင်းထောက်များကို ပြောဆိုခဲ့သည်။

ထိုလက်နက်ကိုင်အုပ်စု နှစ်စုလုံးမှ လက်နက်ကိုင်နှစ်ဦး သေဆုံးခဲ့ပြီး အခြား ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

၎င်းခရိုင်ရှိ လက်နက်ကိုင်အုပ်စုများ ကို လုံခြုံရေးတပ်ဖွဲ့များက ရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြကြောင်း အာဆာ က ထပ်မံပြောဆိုခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို