အာဖဂန်နစ္စတန် တောင်ပိုင်း လေကြောင်းတိုက်ခိုက်မှု စစ်သွေးကြွ ၂၀ ဦးသေဆုံး

၂၅ ဇွန်

ယမန်နေ့က အာဖဂန်နစ္စတန် တောင်ပိုင်းတွင် အာဖဂန်လေကြောင်းတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေစဉ်အတွင်း စစ်သွေးကြွ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားသော ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်စစ်တပ်က ယနေ့ထုတ်ပြန်ကြေညာခဲ့သည်။

ယမန်နေ့က တာလီဘန်စစ်သွေးကြွတို့ ပုန်းအောင်းရာ Uruzgan ပြည်နယ် Tirinkot  မြို့အပြင်ဘက်ကို အာဖဂန် လေကြောင်းတပ်ဖွဲ့များက ဗုံးများကြဲချခဲ့သဖြင့် စစ်သွေးကြွ ကိုးဦးထက်မနည်းသေဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ကပဲ ဇာဘူလ် ပြည်နယ် အနီး ဒေချိုပန် ခရိုင်တွင် သီးခြားလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်သွေးကြွ ၁၁ ဦးသေဆုံးခဲ့ပြီး အခြား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုထုတ်ပြန်ချက်အရ သိရသည်။

တာလီဘန်စစ်သွေးကြွများဘက်မှ ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောကြားခြင်း မရှိသေးပေ။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို