အာဖဂန်နစ္စတန်အရှေ့ပိုင်း၌ ရုတ်တရက်ရေကြီးမှုကြောင့် ရှစ်ဦးသေဆုံး

ကဘူးလ် ဇူလိုင် ၁၁
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရှစ်ဦးသေဆုံးခဲ့ကြောင်း နူရီစတန်ပြည်နယ် ရုပ်မြင်သံကြားချန်နယ်က ဇူလိုင် ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တစ်မိသားစုလုံးသေဆုံး

အဆိုပါ သေဆုံးသူများသည် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နူရီစတန်ပြည်နယ်တွင် နေထိုင်သော မိသားစုတစ်စုတည်းမှ မိသားစုဝင်ရှစ်ဦးဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ရုတ်တရက် ရေကြီးမှုများကြောင့် မိသားစုဝင် အားလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နူရီစတန်ပြည်နယ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ပါဝန်ပြည်နယ်၊ ပက်တီယာပြည်နယ်၊ ဝါဒက် ပြည်နယ်နှင့် နိုင်ငံတောင်ပိုင်းရှိ ကန်ဒါဟာ ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများမှ တစ်ဆင့် ဖြစ်ပေါ်လာသည့် ရုတ်တရက်ရေကြီးမှုများကြောင့် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်