အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားသဖြင့် အစိုးရလိုလားသော ပြည်သူ့စစ်အဖွဲ့ဝင် ၁၁ ဦး သေဆုံး

၃ စက်တင်ဘာ

ဒေသခံသောင်းကျန်းသူများဟု လူသိများသည့် အစိုးရလိုလားသော ပြည်သူ့စစ်အဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း တာခါပြည်နယ်ရှိ စစ်သွေးကြွများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အစိုးရလိုလားသော ပြည်သူ့စစ်အဖွဲ့ဝင် စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တာလီဘန်စစ်သွေးကြွများက ယန်ဂီ ကာလာ ခရိုင် ကာရင်ဘေ ဒေသရှိ လုံခြုံရေး ဂိတ်တစ်ခုကို ယနေ့အရုဏ်တက်ချိန်တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ထိုပြည်သူ့စစ်အဖွဲ့က ယခုလိုတုံ့ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ခါလီလ် အေဆာ က သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သွေးကြွများသည် ဒဏ်ရာရ သေဆုံးသူများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့သဖြင့် ၎င်းတို့အရေအတွက်ကို အတိအကျသတ်မှတ်၍မရသော်လည်း ထိုတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်သွေးကြွအများအပြားသေဆုံးပြီး ဒဏ်ရာရရှိခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့များသည် တောင်ပိုင်း နှင့် အရှေ့ပိုင်းဒေသများရှိ စစ်သွေးကြွများ နှင့်တိုက်ခိုက်ကာ ယခင်က ငြိမ်းချမ်းသော မြောက်ပိုင်းဒေသတွင် အကြမ်းဖက်မှု ပိုမိုပြင်းထန်လာခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို