ကဘူးလ် မတ် ၂
အာဖဂန်နစ္စတန်နိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ မိသားစုပေါင်း ၁ ဒသမ ၇ သန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က မတ် ၂ ရက်တွင် ပြောကြားထားသည်။
နေရပ်ပြန်များ၊ အထူးသဖြင့် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရသူများသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်မှု သိသိသာသာလျော့နည်းလာကြောင်း ဒေသမီဒီယာ တိုလိုသတင်းဌာနတွင် အလေးပေးဖော်ပြထားသည်။ FAO က အဆိုပါ မိသားစုများကို ကူညီပေးရန်နှင့် နိုင်ငံတစ်ဝန်းစားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ရန် အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး တောင်းဆိုထားသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် အရင်းအမြစ်များ အကန့်အသတ်ဖြင့်ရရှိခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရခြင်း၊ စီးပွားရေးမတည်ငြိမ်မှုများအပါအဝင် ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဆင်ဟွာ


