အာဖဂန်နစ္စတန်၌ ပိုလီယိုရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုစတင်

 

ကဘူးလ်၊ ဒီဇင်ဘာ ၂၅

 

အာဖဂန်နစ္စတန်နိုင်ငံ၌ လေးရက်ကြာ ပိုလီယိုရောဂါတိုက်ဖျက်ရေးလှုပ်ရှားမှုကို ဒီဇင်ဘာ ၂၅ ရက်တွင် စတင်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၎င်းပိုလီယိုရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုအစီအစဉ်အရ အာဖဂန်နစ္စတန်နိုင်ငံရှိ ငါးနှစ်အောက် ကလေး ၈ ဒသမ ၈ သန်းခန့်သည် ပိုလီယိုရောဂါကာကွယ်ဆေးများ ရရှိမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သို့ရာတွင် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းဒေသ၏ ခရိုင် ၄၂ ခုတွင်မူ ပိုလီယိုကာကွယ်ဆေးကို အသက် ၁၀ နှစ်အောက် ကလေးငယ်များ လက်ခံရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ပိုလီယိုရောဂါဖြစ်ပွားသူ ကလေးငယ်နှစ်ဦးတွေ့ရှိခဲ့ပြီး ယခုနှစ်တွင် ပိုလီယိုရောဂါဖြစ်ပွားသူ အရေအတွက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်