အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွား လူ ၂၆ ဦး သေဆုံး

၅ ဖေဖော်ဝါရီ

 

 

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ခန်နာဘတ်ခရိုင် ကူဒက်ဇ်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားသဖြင့် တာလီဘန်စစ်သွေးကြွ ၁၀ ဦးနှင့် အစိုးရလိုလားသော ပြည်သူ့စစ် အဖွဲ့မှ ၁၆ ဦး အပါအဝင် ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း  ခရိုင်လက်ထောက် အကြီးအကဲ ကူထရာတူလ်ဆာဖီ က ပြောကြားသည်။

 

 

အစိုးရလိုလားသော ပြည်သူ့စစ်အဖွဲ့ တပ်မှူး အဗ္ဗဒူလ် ဟာကင်မ် အပါအဝင် ၁၆ ဦးနှင့် တာလီဘန် စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့ပြီး စစ်သွေးကြွ ငါးဦးအပါအဝင် အခြားကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆာဖီက သတင်းထောက်များကို ပြောကြားသည်။

 

 

တာလီဘန်စစ်သွေးကြွများက ခန်နာဘတ်ခရိုင် တီပါ အာခတာဒေသရှိ ပြည်သူ့စစ်များအား  မနက် အစောပိုင်းက သုံးနာရီကြာ ထိုးစစ်များ စတင်ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ပြောကြားသည်။

 

 

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တာလီဘန်တို့ဘက်က မှတ်ချက် တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို