အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ် ၁၆ ခု၌  ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှု စတင်ဆောင်ရွက်

 

 

ကဘူးလ် ဇန်နဝါရီ  ၂၃

 

အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုအနက် ပြည်နယ် ၁၆ ခုမှ အသက် ငါးနှစ်အောက် ကလေးငယ် ၅ ဒသမ ၃ သန်းကျော်အား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှုကို ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်ခဲ့ကြောင်း အာဖဂန်နစ္စတန်ကျန်းမာရေးဝန်ကြီးဌာန က ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော်ကဘူးလ် အပါအဝင် ပြည်နယ် ၁၆ ခု၌ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှုကို ကျန်းမာရေး ဝန်ထမ်းထောင်ကျော်က ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ ဇန်နဝါရီ ၂၆ ရက်အထိ လေးရက်အတွင်း    ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ ကလေးငယ်များ ပိုလီယို ဖြစ်ပွားမှု အမြစ်ပြတ်စေရန် ကြိုးစားဆောင်ရွက်နေကြောင်းလည်း သိရသည်။ အာဖဂန်နစ္စတန်နိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း ပက်တီကာပြည်နယ်နှင့် ကူနာ ပြည်နယ်တို့တွင် ပိုလီယိုဖြစ်ပွားမှု နှစ်ဦးသာတွေ့ရှိခဲ့ကြောင်း သိရသည်။  ၂၀၂၀ ပြည့်နှစ်အတွင်းကမူ အာဖဂန်နစ္စတန်နိုင်ငံ၌ ပိုလီယိုဖြစ်ပွားသူ ၅၆ ဦး ရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်