အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ်သုံးခုရှိ အိမ်ထောင်စု ၆၅၀ အထောက်အပံ့များရရှိ

ကဘူးလ် မေ ၉

 

အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ်သုံးခုတွင် အိမ်ထောင်စု ၆၅၀ မှာ အထောက်အပံ့များ လက်ခံရရှိခဲ့ကြောင်း နိုင်ငံ၏ ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီးဌာနက မေ ၈ ရက်တွင် ပြောကြားသည်။

 

ဆာရီပေါပြည်နယ်မြောက်ပိုင်းတွင် စစ်တမ်းကောက်ယူထားသည့် ရွှေ့ပြောင်းအိမ်ထောင်စု ၄၄၀ မှာ အစားအသောက် အထောက်အပံ့များကို မေ ၇ ရက်က လက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

 

အဆိုပါထုတ်ပြန်ချက်အရ ဝါဒါပြည်နယ်အရှေ့ပိုင်းတွင် မေ ၇ ရက်က ဆင်းရဲနွမ်းပါးသော မိသားစုဝင် ၁၉၀ မှာ အစားအစာ အထောက်အပံ့များ ရရှိခဲ့သည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ပါတီကာ ပြည်နယ်အရှေ့ပိုင်းတွင် ဒေသခံအာဏာပိုင်များက ရွှေ့ပြောင်းအိမ်ထောင်စု ၂၀ ကို အမေရိကန်ဒေါ်လာ ၂၆၀ ခန့် ဖြန့်ဝေပေးခဲ့ကြောင်း ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

 

ယခုရက်သတ္တပတ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ ပြည်နယ် ၁၁ ခုရှိ စုစုပေါင်း အိမ်ထောင်စု ၇၆၀၅ စုမှာ အထောက်အပံ့များ ရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။

 

ဆင်ဟွာ