အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ပါကစ္စတန်ကောင်စစ်ဝန်ရုံးအနီးလူအုပ်ပြိုမှု ဖြစ်ပွားရာ ၁၅ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ကဘူးလ် ၂၂ အောက်တိုဘာ အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ ပါကစ္စတန် ကောင်စစ်ဝန်ရုံး၌ ဗီဇာလျှောက်ရန် လူအများ အပြား စုဝေးရောက်ရှိလာခဲ့သည့် ကွင်းပြင် တစ်ခု၌ ယမန်နေ့က လူအုပ်ပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားလိုက်သည်။ သေဆုံးခဲ့သူ ၁၅ ဦးအနက် ၁၁ ဦးမှာ အမျိုး သမီးများဖြစ်ကြောင်း၊ သက်ကြီးရွယ်အို အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာ ဂျလာလာဘတ်မြို့မှ ပြည်နယ်ကောင်စီဝင် တစ်ဦးဖြစ်သူ ဆိုရတ်ဘ်ကွာဒီရီက အတည်ပြု သည်။ ပါကစ္စတန်နိုင်ငံသို့သွားရောက်ရန် အတွက် ဗီဇာလျှောက်ထားရန် လိုအပ်လျက်ရှိသော တိုကင်ယူရန် လူ ၃၀၀၀ ကျော် စုရုံးခဲ့ကြောင်း အခြား ပြည်နယ်တာဝန်ရှိသူနှစ်ဦးက ပြော သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပါကစ္စတန်နိုင်ငံက ယခုနှစ်အစောပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ သားများအတွက် ဗီဇာ အရေအတွက် ကန့်သတ်ခဲ့သည်။ အာဖဂန် နစ္စတန်နိုင်ငံသားအများစုက ဆေးကုသမှု ပြုလုပ်ရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ကြ သည်။ အာဖဂန်နစ္စတန်နိုင်ငံသားများအတွက် ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ် ဖြေလျှော့မည် ဟု ပါကစ္စတန်နိုင်ငံက ကတိပြုခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်တွင် ဗီဇာထုတ်ပေးမှု အစီအစဉ်သစ်တစ်ရပ် စတင်ခဲ့ခြင်းဖြစ်သည်။ ကိုးကား- သည်စထရိတ်တိုင်းမ် ဘာသာပြန်-ကျော်ထိုက်စိုး