အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း၌ ရေလွှမ်းမိုးမှုကြောင့် ငါးဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ဇူလိုင် ၂၅

 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းနန်ဂါဟာပြည်နယ်တွင် ယမန်နေ့နှောင်းပိုင်းက ရေလွှမ်းမိုးဖြစ်ပွားခဲ့သဖြင့် လူငါးဦးထက်မနည်းသေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုပြည်နယ်အုပ်ချုပ်ရေမှူးရုံးက ယနေ့တွင် ပြောကြားသည်။

 

ကြီးမားသောရေလွှမ်းမိုးမှုကြောင့် ထိုပြည်နယ်ရှိခရိုင်အချို့နှင့် ပြည်နယ်မြို့တော် ဂျလာလာဘတ်တို့တွင် နေအိမ်အလုံးပေါင်း ၃၂၀ နှင့် ယာမြေဧက ယာနှင့်ချီပြီး ဆုံးရှုံးခဲ့ကြောင်း ထိုရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါရေကြီးရေလျှံမှုကြောင့် မြို့တော်ကဘူးလ်နှင့် အရှေ့ပိုင်းပြည်နယ်ကိုဆက်သွယ်ထားသော လမ်းပေါ်ရှိ အဓိကတံတားများအနက်တစ်ခုသည်လည်း မျောပေါသွားခဲ့ပြီး ထိုလမ်းမှာယခုအထိပိတ်ထားဆဲ ဖြစ်သည်။

 

လွန်ခဲ့သောနှစ်ရက်က မိုးသည်းထန်မှုနှင့်ရေကြီးရေလျှံမှုတို့ဖြစ်ပွားခဲ့သဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၏ ပန်ဂျရှာနှင့် တာ့ခ်ဟာပြည်နယ်တို့တွင် ပျက်စီးမှုများပြားခဲ့သည်။ သို့ရာတွင် လူသေဆုံးမှုမရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို