ကဘူး   မတ်   ၂၂

အာဖဂန်နစ္စတန်နိုင်ငံက ယမန် နှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၆၇ သန်းတန်ဖိုးရှိ သစ်သီးခြောက် တန်ချိန် ၂၀၅၀၀၀ ကို တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အဓိကကျသော ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများဖြစ်သည့် အီရန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ တူကီယဲ၊ ပါကစ္စတန်၊ တရုတ်၊ ပြင်သစ်၊ နယ်သာလန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဗြိတိန်၊ သြစတြေးလျနှင့် အခြားနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း အာဖဂန်နစ္စတန် တာဝန်ရှိသူ ဆာလမ်ဂျာဝတ်က ပြောကြား သည်။

ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများတွင် စပျစ်သီး၊ သဖန်းသီး၊ ပီစတာချီယို၊ ပန်းသီးခြောက်၊ ဗာဒံစေ့၊ သစ်ကြားစေ့၊ ထင်းရှူးစေ့နှင့် ဆီးသီးများ   ပါဝင်ကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်