အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် ရေကြီးမှုများကြောင့် လူ ၂ ဦး သေဆုံး၊ အိမ်ပေါင်းရာချီမျှောပါ

၂ ဇွန်

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း တက်ဟာပြည်နယ်တွင် မိုးသက်မုန်တိုင်းနှင့် ရေလွမ်းမိုးမှုများကြောင့် အနည်းဆုံးလူနှစ်ဦးသေဆုံးခဲ့ပြီး အိမ်ခြေရာနှင့်ချီပြီး မျှောပါခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်မိုဟာမက် ဂျာရတ် ဟာဂျီရီက တနင်္လာနေ့က ပြောကြားခဲ့သည်။

 

j1

 

ရေကြီးမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားရာ Farkhar၊  Kalafgan နှင့် Namakab  ခရိုင်များတွင် တနင်္လာနေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးနှင့် ၄င်း၏ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိမ်ခြေတစ်ရာကျော်နှင့် လယ်မြေဧက ထောင်ပေါင်းများစွာတို့သည် ရေတိုက်စားမှုခံခဲ့ရပြီး ဆိုးရွားစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း တာဝန်ရှိသူများက ထပ်လောင်းပြောဆိုခဲ့သည်။

မိုးရွာသွန်းမှုနှင့် ရေကြီးမှုများမှာ ဒေသအတော်များများတွင် ဆက်လက်ဖြစ်ပွားနေကြောင်း ဟာဂျီရီက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်  သုံးလအတွင်းကလည်း  မိုးရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် လူပေါင်း ၁၃၀ကျော်သေဆုံးခဲ့ပြီး၊ လူပေါင်း ၂၀ဝကျော်မှာဒဏ်ရာရရှိခဲ့ကာ အိမ်ပေါင်း ၄၀ဝ၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်