ဧပြီ ၆
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ခေါင်မိုးပြိုကျမှုဖြစ်ပွားခဲ့ရာ လွန်ခဲ့သော ၂၄ နာရီအတွင်း လူကိုးဦးသေဆုံးခဲ့သည်။
နိုင်ငံအရှေ့ပိုင်း ဝါဒက်ပြည်နယ်တွင် ၎င်းတို့၏နေအိမ်ခေါင်မိုးပြိုကျမှုကြောင့် မိခင်တစ်ဦးနှင့် ၎င်း၏ကလေးနှစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့အုတ်အိမ်ခေါင်မိုးများ ပြိုကျမှုဖြစ်ပွားခဲ့ရာ ကလေးခြောက်ဦးထက်မနည်းသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံတွင် လွန်ခဲ့သော ၁၀ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၁၀၀ နီးပါးသေဆုံးပြီး အခြား ၁၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နိုင်ငံ၏ဒေသအချို့တွင် နောက် ၂၄ နာရီအတွင်း မိုးပိုမိုရွာသွန်းမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


