အာဖဂန်နစ္စတန်နိုင်ငံရှိ မိသားစု ၁၄၀၀၀ ကျော် စားနပ်ရိက္ခာအထောက်အပံ့များ လက်ခံရရှိ

ကဘူးလ်  ဧပြီ ၂

 

အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် နှစ်ခုမှ မိသားစု စုစုပေါင်း ၁၄၂၆၃ စုသည် စားနပ်ရိက္ခာအထောက်အပံ့များ  လက်ခံ ရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကျေးလက်ဒေသ ပြန်လည်ထူထောင်ရေး နှင့်  ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

 

လက်ခံရရှိ

 

စစ်တမ်း ကောက်ယူမှုများအရ ဂျော်ဂျန်ပြည်နယ်မြောက်ပိုင်းရှိ မိသားစု ၈၄၁၃ စုနှင့် ဂါဇနီပြည်နယ်အရှေ့ပိုင်းရှိ မိသားစု ၅၈၅၀ တို့သည်  မုန့်ညက်၊ ဆီ၊ ပဲ၊ ဆားနှင့် စားနပ်ရိက္ခာ အစုံအလင်တို့ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက လက်ခံ ရရှိခဲ့ကြကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါအထောက်အပံ့များကို ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်မှ ထောက်ပံ့ခဲ့ခြင်း ဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် များ၏ ကျေးလက်ဒေသပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနများက စစ်တမ်းကောက်ယူမှုများနှင့် အထောက်အပံ့များဖြန့်ဝေရာတွင်  အကူအညီပေးခဲ့ကြောင်း သိရသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏  ပြည်နယ် ၃၄ ခုရှိ စားနပ်ရိက္ခာအထောက်အပံ့များ လိုအပ်လျက်ရှိသည့် မိသားစုထောင်ပေါင်း များစွာသည် ပြီးခဲ့သည့်လများအတွင်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ လက်ခံရရှိခဲ့ကြကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်