ဇူလိုင် ၇

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း၌ ပိုလီယိုကာကွယ်ဆေးထိုးနှံမှုလှုပ်ရှားမှု ယနေ့စတင်ခဲ့ပြီး ကန်ဒါဟာနှင့် ဟယ်လ်မန်းပြည်နယ်အချို့ရှိ အသက် ငါးနှစ်အောက်ကလေးများကို အဓိကထားထိုးနှံကြောင်း တရားဝင်ထုတ်ပြန်ချက်များတတွင် ဖော်ပြထားသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှားမှုကို ကန်ဒါဟာမြို့နှင့် ဟယ်လ်မန်းရှိ လက်ရှ်ကာဂါအပြင် ပြည်နယ်များရှိ အခြားခရိုင်များတွင်လည်း လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကျန်းမာရေးအာဏာပိုင်များက ပြင်းထန်သောရောဂါဖြစ်ပွားမှုမှကာကွယ်ရန်အတွက် အသက် ငါးနှစ်အောက် ကလေးများကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရန် မိသားစုများအား တိုက်တွန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို