အာဖဂန်နစ္စတန်တွင် အာဖဂန်တပ်များ စစ်ဆင်ရေး လုပ်ဆောင် စစ်သွေးကြွ ၁၆ ဦး သေဆုံး

၂၂ ဇန်နဝါရီ

 

 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ် ကိုဂီရာနီနှင့် ရှာဇတ်ဒ်ခရိုင် တို့တွင် ပုန်းအောင်းနေသည့် တာလီဘန်စစ်သွေးကြွများကို အာဖဂန် တပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၁၆ ဦး သေဆုံးခဲ့ကြောင်း ထိုပြည်နယ်အစိုးရက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

 

ကိုဂီရာနီခရိုင် အာခမ်ခေးလ်ဒေသနှင့် ရှာဇတ်ဒ်ခရိုင် ဟာရှမ် ခေးလ်ဒေသတို့တွင် ယမန်နေ့ညပိုင်းက စစ်ဆင်ရေးများလုပ်ဆောင်ခဲ့ရာ အုပ်စုခေါင်းဆောင် ငါးဦး အပါအဝင် စစ်သွေးကြွ ၁၆ ဦး သေဆုံးခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်သွေးကြွများ ပုန်းအောင်းနေရာ နှစ်နေရာနှင့် ၎င်းတို့၏ လုံခြုံရေး ဂိတ်နှစ်ခုကိုလည်း ဖျက်ဆီးခဲ့သည်။

 

 

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တာလီဘန်တို့ ဘက်ကမူ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို