အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သားနှစ်ဦး သေဆုံး

၂၆ ဇွန်

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် စစ်သားနှစ်ဦး ယနေ့သေဆုံးခဲ့ကြောင်း  အာဖဂန်နစ္စတန်ရှိ နေတိုးဦးဆောင်သည့် ထောက်ပံ့ရေး အဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

နေတိုး ဦးဆောင်သည့် ထောက်ပံ့ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သားနှစ်ဦး သေဆုံးကြောင်း အတည်ပြုကာ သတင်းထောက်များကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။

၎င်းက ထိုစစ်သားများသေဆုံးသည့် ဖြစ်ရပ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိသော်လည်း အာဖဂန်နစ္စတန်နိုင်ငံ Wordak  ပြည်နယ် Sayed Abad ခရိုင်တွင် ယမန်နေ့က ၎င်းစစ်သွေးကြွများက အမေရိကန်တပ်ဖွဲ့များကို ချုံခိုတိုက်ခိုက်ခဲ့ကြောင်း နှင့် အမေရိကန်စစ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တာလီဘန်တို့က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြသည်။

ယမန်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုသည် အသိပေးကြေညာချက်ထုတ်ပြန်ခြင်းမရှိပဲ ကဘူးလ်မြို့သို့ ရောက်ရှိလာပြီး နာရီများစွာအကြာ ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို