အာဖဂန်နစ္စတန်တွင် သီးခြားလေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားစစ်သွေးကြွ ၁၆ ဦး သေဆုံး

၅ သြဂုတ်

အာဖဂန်နစ္စတန် နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သီးခြားလေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားသဖြင့်  စစ်သွေးကြွ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဖဂန်အထူးတပ်ဖွဲ့များ ဌာနချုပ်က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

ယုဇဂန် ၊ ဂါဇနီ ၊ ပက်ခ်တီကာနှင့် ဖာရပ်ဘ် ပြည်နယ်များတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တာလီဘန် စစ်သွေးကြွ ၁၆ ဦး သေဆုံးခဲ့ကြောင်း အာဖဂန်အမျိုးသားတပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့များက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သွေးကြွနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်သွေးကြွ သုံးဦး၏ ဆိုင်ကယ်များပျက်စီးသွားခဲ့သည်ဟု ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြခဲ့သည်။

အာဖဂန်အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးတပ်ဖွဲ့များက ပြည်နယ်မြို့တော် ၃၄ ခုလုံးနှင့် အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့ကြီးပြကြီးအများစုကို ဆက်လက် ထိန်းချုပ်ထားသော်လည်းစစ်သွေးကြွအုပ်စု သည်  အာဖဂန် မြို့များ နှင့် ခရိုင်များကို ဧပြီလအစောပိုင်းကတည်းက နှစ်စဉ် အကြီးစား တိုက်ခိုက်မှုဆောင်ရွက်ကာ ကျေးလက်ဒေသများ၏ ကျယ်ဝန်းသောအပိုင်းများကို တာလီဘန် စစ်သွေးကြွများက ထိန်းချုပ်ထားသည်။

ထိုစစ်သွေးကြွအုပ်စုက ၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုမရှိသေးကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို