အာဖဂန်နစ္စတန်တွင်ရဟတ်ယာဉ်ပျက်ကျ အမေရိကန်စစ်သားနှစ်ဦးသေဆုံး

၂၀ နိုဝင်ဘာ

အာဖဂန်နစ္စတန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် အမေရိကန်စစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း နေတိုးဦးဆောင်သောအဖွဲ့က အတည်ပြုခဲ့သည်။

ပဏာမအစီရင်ခံစာများအရ ရန်သူ့ဘက်က ပစ်ချခြင်းကြောင့် ၎င်းရဟတ်ယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြမထားသော်လည်း ထိုရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

အာဖဂန်အရှေ့ပိုင်းရှိ လိုဂါပြည်နယ်တွင် Chinook ရဟတ်ယာဉ်တစ်စင်းကို  သောင်းကျန်းသူများက ပစ်ချခဲ့သည်ဟု  အာဖဂန်အစိုးရ နှင့် ညွန့်ပေါင်းအဖွဲ့ကို တိုက်ခိုက်နေသော တာလီဘန်စစ်သွေးကြွအုပ်စု က အခိုင်အမာဆိုသည်။

လိုဂါပြည်နယ်တောင်ပိုင်း ချာ့ရှ်ခရိုင် ရှိ ပန်ဂမ်ဒေသရှိ စစ်သွေးကြွများ၏နေရာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် အမေရိကန်ရဟတ်ယာဉ်က ကြိုးစားခဲ့သည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘိုင်အယ်လာ မူဂျာဟစ် က တွစ်တာတွင်ရေးသားဖော်ပြထားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလကလည်း လိုဂါပြည်နယ်တွင် ညွန့်ပေါင်းရဟတ်ယာဉ်ပျက်ကျခဲ့ပြီးနောက် အမေရိကန် တစ်ဦးသေဆုံးပြီး အမေရိကန်စစ်သား ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို