ကဘူးလ် မတ် ၂၀
အာဖဂန်ကြားဖြတ်အစိုးရ၏ ပညာရေးဝန်ကြီးဌာနသည် ဆဋ္ဌမတန်းနှင့်အထက် ကျောင်းသူ မိန်းကလေးများ မပါဝင်ဘဲ သန်းနှင့်ချီသည့် အာဖဂန်ကျောင်းသား ကျောင်းသူများ ပညာသင်နှစ် သစ်ကို မတ် ၂၀ ရက်တွင် စတင်ခဲ့ကြောင်း သိရ သည်။
မိမိတို့နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုများတွင် ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အာဖဂန်လူ့အဖွဲ့အစည်းသည် ဘာသာရေးနှင့် ခေတ်သစ်ပညာရေး နှစ်ခုလုံးကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း ခေတ္တပညာရေးဝန်ကြီး မော်လဝီဟက်ဘီဘူလာ့ အာဂါက စာသင်နှစ်သစ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ပထမတန်းမှ ၁၂ တန်းအထိ ယောကျ်ားလေးများနှင့် ပထမတန်းမှ ဆဋ္ဌမတန်းအထိ မိန်းကလေး များက ၎င်းတို့၏ အတန်းများကို စတင်တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း ကလေး ၁၀ သန်းကျော်မှာ အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အာဖဂန်ကြားဖြတ်အစိုးရ၏ ကန့်သတ်ချက်များအပေါ် အခြေခံ၍ ဆဋ္ဌမတန်းနှင့်အထက် မိန်းကလေးများသည် အတန်းများကို တက်ရောက်နိုင်ခွင့်မရှိဘဲ နောက်ထပ်သတိပေးချက် မထုတ်ပြန်မီအထိ အမျိုးသမီးများကို တက္ကသိုလ်တက်ရောက်ခွင့်များလည်း တားမြစ်ထားကြောင်း သိရသည်။
ဆင်ဟွာ