အာဖဂန်ပြည်နယ်လေးခုမှ မိသားစု ၂၀၀၀ ကျော် စားနပ်ရိက္ခာအထောက်အပံ့များ လက်ခံရရှိ

ကဘူးလ်   ဇွန်   ၈

အာဖဂန်နစ္စတန်နိုင်ငံရှိ  ပြည်နယ်လေးခုမှ မိသားစု ၂၀၈၆ စုသည် ဇွန်  ၆ ရက်တွင်  စားနပ်ရိက္ခာအထောက်အပံ့များ လက်ခံရရှိခဲ့ကြကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်း စာနာထောက်ထားမှုရေးရာဝန်ကြီးဌာနက    ဇွန် ၇ ရက်တွင် ပြောကြားသည်။

အဆိုပါ စားနပ်ရိက္ခာအထောက်အပံ့များကို  ကန်ဒါဟာ ပြည်နယ်တောင်ပိုင်း၊  ဘာဂလန်ပြည်နယ်၊  ဆာမန်ဂန်ပြည်နယ် နှင့်  ဖာယက်ဘ်ပြည်နယ်မြောက်ပိုင်းတို့မှ   မိသားစုများသို့ ဇွန် ၆ ရက်တွင် ပေးဝေခဲ့ကြောင်း သိရသည်။

အာဖဂန်ပြည်နယ်လေးခုမှ   မိသားစုများ   လက်ခံရရှိခဲ့ သည့် စားနပ်ရိက္ခာအထောက်အပံ့များတွင် ဂျုံမှုန့်၊ ပဲ၊  ဟင်းချက်ဆီ၊ သကြားနှင့်  လတ်ဆတ်သောအသီးအနှံများ  ပါဝင်ကြောင်း သိရသည်။  အဆိုပါစားနပ်ရိက္ခာ  အထောက်အပံ့များအနက် အများစုကို    နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အေဂျင်စီများက ထောက်ပံ့ပေးခြင်းဖြစ်သည်။ 
လက်ရှိတွင်  အာဖဂန်နစ္စတန်နိုင်ငံ၌ လူဦးရေ ၃၅ သန်း ရှိသည့်အနက် အာဂဖန်ပြည်သူ  ၂၂ သန်းကျော်သည်  စားနပ် ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်းလည်း လူသား ချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေး  အေဂျင်စီများက ပြောကြားသည်။

 ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်