အာဖဂန်ရွေးကောက်ပွဲ ဆန္ဒမဲများရေတွက်ရန် အချိန်ပိုလိုအပ်သဖြင့် ရွေးကောက်ပွဲရလဒ်များ နှောင့်နှေးမည်

၂၉ နိုဝင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာလက ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် ဆန္ဒမဲများ ရေတွက်ရန် အချိန်ပိုလိုအပ်သဖြင့် ပဏာမရလဒ်များ ထုတ်ပြန်ရန် နှောင့်နှေးမည်ဟု အာဖဂန်နစ္စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် က ဆိုသည်။

 

4

 

ငါးနှစ်တစ်ကြိမ်ကျင်းပသော သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မ အာရှက်ဖ် ဂါနီ နှင့် ၎င်း၏အစိုးရအဖွဲ့ဝင် နံပါတ်(၂)ဖြစ်သော အမှုဆောင်အရာရှိချုပ် အဘဒူလာရှ် အပါအဝင် ကိုယ်စားလှယ်လောင်း ၁၀ ဦးကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

 

ပဏာမရလဒ်များကို အောက်တိုဘာလ က ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း မဲဆန္ဒရှင်များ၏ လိမ်လည်မှုကို တားဆီးရန် စီမံထားသည့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရွေးထုတ်ခြင်း စနစ်အပါအဝင် အခက်အခဲများကြောင့် ဆန္ဒမဲများ ပြန်လည်ရေတွက်ရန်လိုအပ်ကြောင်း ထိုရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။

 

ပြည်နယ် ၃၄ ခုအနက် ပြည်နယ် ၂၆ ခုက ဆန္ဒမဲများကို ပြန်လည်ရေတွက်ခဲ့ကြောင်း ၎င်းကော်မရှင် တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

6

 

တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲအဖြစ် သေချာမှုရှိစေရေးအတွက် ဆန္ဒမဲများကို ပြန်လည်ရေတွက်ရန် အချိန်ပိုလိုအပ်သည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို