အာဖဂန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်

၂၉ ဇူလိုင်

 


အာဖဂန်နစ္စတန် နိုင်ငံ၏ လုံခြုံရေး တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ အာဖဂန်တွင် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းကို ယမန်နေ့က စတင်လုပ်ဆောင်ခဲ့သည်။

 


သို့ရာတွင် ဒုတိယသမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း၏ရုံးကို နောက်ထပ် ပစ်မှတ်ထားတိုက်ခိုက်မှု ယမန်နေ့က     ဖြစ်ပွားခဲ့သေးသည်။

 


ထိုပြင်းထန်သော ပြိုင်ပွဲတွင် လူပေါင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဟုမျှော်လင့်ထားကြောင်းနှင့် စက်တင်ဘာ ၂၈ ရက်နေ့ကို ဆန္ဒမဲ ပေးမည့်နေ့အဖြစ် အစီအစဉ် ရေးဆွဲထားကြောင်း ဖော်ပြထားသည်။

 


သမ္မတ အာရှက်ဖ် ဂါနေး က ဒုတိယ သက်တမ်း တာဝန်ထမ်းဆောင်ရန် ကြိုးစားနေသည်။

 


ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများက လုံခြုံရေးပြန်လည်ကောင်းမွန်လာစေရေးအတွက် ကတိပြုပြောကြားထားသော်လည်း ယမန်နေ့က အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

 


ကဘူးလ် မြို့တော်တွင် ကားဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုတို့ကြောင့် သမ္မတ ဂါနေး ၏ ဒုတိယနေရာအတွက် အရွေးခံသူမှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။

 


အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သား ၃၈၀ဝ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ က ဆိုသည်။

 


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို