အာဖဂန်တောင်ပိုင်း ဇာဘူးလ် ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား စစ်သွေးကြွ ၁၇ ဦးသေဆုံး

၁ အောက်တိုဘာ

 

 

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဇာဘူးလ်ပြည်နယ်၊ ရှာရှ်ဂျွိုင် ခရိုင်ရှိ တာလီဘန်တို့ ပုန်းအောင်းရာနေရာကို ယမန်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စုစုပေါင်း စစ်သွေးကြွ ၁၇ ဦး သေဆုံးခဲ့ကြောင်း စစ်တပ်က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ သတင်းထုတ်ပြန်ချက်အရ ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၅ ဦးအထက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

 

၎င်းစစ်သွေးကြွများပိုင်ဆိုင်သော မော်တော်ဆိုင်ကယ် ငါးစီး ပျက်စီးသွားခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး တာလီဘန်စစ်သွေးကြွများဘက်မှ မည်သည့်မှတ်ချက်မျှ ပြောကြားခြင်းမရှိပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို