အာဖရိကဒေသ၌ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း ၁၁ သန်းကျော်ရှိလာ

အဒစ်အဘာဘာ   မတ်   ၁၈

အာဖရိကဒေသ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူပေါင်း ၁၁၂၈၇၅၉၉ ဦးအထိ မြင့်တက်လာကြောင်း အာဖရိက ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက မတ်  ၁၇ ရက်က သတင်းထုတ်ပြန်သည်။

ထို့ပြင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ၂၅၀၄၂ ဦး ရှိလာကြောင်းနှင့် ရောဂါမှ ပြန်လည်သက်သာ လာသူပေါင်း ၁၀၅၅၅၁၉၅ ဦးရှိပြီဖြစ်သည်။

တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် လစ်ဗျားနိုင်ငံများသည် အာဖရိကဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အများဆုံးတွေ့ရှိသည့် နိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက ဆိုသည်။

တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် ၃၆၉၆၈၂၃ ဦးရှိပြီး မော်ရိုကိုနှင့် တူနီးရှားနိုင်ငံတို့၌ ရောဂါကူးစက်ခံရသူ ၁၁၆၂၂၃၆ ဦးနှင့် ၁၀၂၉၇၆၂ ဦးတို့ တွေ့ရှိရကြောင်း သိရသည်။

အာဖရိကဒေသတွင်း၌ အာဖရိကတောင်ဘက်ပိုင်း၊ မြောက်ဘက်ပိုင်းနှင့် အရှေ့ဘက်ပိုင်းတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအရေအတွက် အများဆုံးဖြစ်ပြီး ဗဟိုအာဖရိကသည် ရောဂါကူးစက်မှု အနည်းဆုံးဖြစ်သည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်