အာဖရိကခေါင်းဆောင်များ လွတ်လပ်သောကုန်သွယ်ရေးဇုန် ဆွေးနွေးပွဲကျင်းပ

၅ စက်တင်ဘာ

တောင်အာဖရိကနိုင်ငံ ကိပ်မြို့ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ် ၃ ရက်ကြာဆွေးနွေးပွဲတွင် အာဖရိက စီးပွားရေးခေါင်းဆောင်များ နှင့် တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။

စက်တင်ဘာ ၄ ရက် မှ ၆ ရက်ထိ ၃ ရက်ကြာ ကျင်းပသောအစည်းအဝေး၏ အဓိကအချက်သည် အာဖရိက တိုက်လုံးဆိုင်ရာ လွတ်လပ်သောကုန်သွယ်ရေးဇုန် တစ်ခုကို ၂၀၂၀ ခုနှစ်တွင် အကျိုးသက်ရောက်မှုရှိရန် စီစဉ်ခြင်းဖြစ်သည်။

အာဖရိက တိုက်လုံးဆိုင်ရာ လွတ်လပ်သောကုန်သွယ်ရေးဒေသသည် လူပေါင်း ၁ ဒသမ ၂ ဘီလီယံ ကျော် ရှိ တစ်ခုတည်းသောဈေးကွက် ဖြစ်မည် ဖြစ်ကြောင်း နှင့်  ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု နှင့်ဒေသဖြတ်ကျော်  စီးပွားရေးတိုးတက်မှုနှုန်းတို့ မြန်ဆန်လာမည်ဖြစ်ကြောင်း ဖိုရမ်ပါဝင်သူများက ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ ဆုရရှိသူများ နှင့် အရှုံးသမားများအကြား ကွာဟချက် ကျယ်ပြန့်လာဖွယ်ရှိသည်ဟု အဖွဲ့ဝင်တစ်ဦးက သတိပေးပြောဆိုခဲ့သည်။

စည်းကြပ်ကောက်ခံသည့် အခွန်ဖျက်သိမ်းခြင်းသည် အာဖရိကတိုက်အနှံ့ရှိ ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများ လွတ်လပ်စွာလဲလှယ်ရေးတွင် အကျိုးဖြစ်စေမည် ဖြစ်ကြောင်း ကုန်သွယ်ရေး နှင့် စက်မှုဆိုင်ရာ အာဖရိက သမဂ္ဂ ကော်မရှင်အဖွဲ့ဝင် အယ်လ်ဘတ် မူချန်ဂါ က ပြောကြားခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို

 

mdn