အာဖရိကနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၂၀၉ ဦး ထပ်မံတွေ့ရှိ

ဧပြီ ၂၆

 

အာဖရိကနိုင်ငံများတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၂၀၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း အာဖရိကရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ( အာဖရိကစီဒီစီ )က ယမန်နေ့ညနေပိုင်းက ပြောကြားသည်။

 

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကအထိ ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၁၄၀၉၀၆၄ ဦးမှ တနင်္လာနေ့အထိ ၁၁၄၁၃၂၇၃ ဦး အထိ မြင့်တက်လာသည်ဟု အတည်ပြုဖော်ပြထားသည်။

 

အဆိုပါကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၅၂၀၇၂ ဦး အထိမြင့်တက်လာကြောင်းနှင့် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၀၇၈၄၄၅၆  ဦးရှိကြောင်း သိရသည်။

 

အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၃၇၆၂၉၁၁ ဦးရှိသည်။ 

 

အာဖရိကတောင်ပိုင်းသည် ရောဂါကူးစက်မှုအများဆုံးဒေသဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသများသည် ကိုဗစ်ရောဂါကူးစက်မှုဒုတိယအများဆုံးဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကူးစက်မှုအနည်းဆုံးဖြစ်ကြောင်း အာဖရိကစီဒီစီ၏ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို