အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၇ ဒသမ ၇၂ သန်းကျော်ရှိလာ

mdn

 

အဒစ်အဘာဘာ သြဂုတ် ၃၀ 

အာဖရိကတိုက်၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၇၇၂၁၁၂၁ ဦး ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၉၄၁၆၀ ရှိကြောင်း တောင်အာဖရိက ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက သြဂုတ် ၂၉ တွင် သတင်းထုတ်ပြန်သည်။ 

ရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွား သူပေါင်း ၆၈၅၄၇၂၆ ဦးရှိသည်။ ထို့ပြင် ဒေသတွင်းရှိ ဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံများအနက် တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့်အီသီယိုးပီးယားနိုင်ငံများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်။

တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ၂၇၅၇၁၉၁ ဦးရှိပြီး မော်ရိုကိုနိုင်ငံ၌ ရောဂါကူးစက်ခံရသူ ၈၄၉၅၃၂ ဦးရှိကြောင်း သိရသည်။

အာဖရိကတောင်ပိုင်းသည် ရောဂါကူးစက်မှုအရေအတွက် အမြင့်မားဆုံးဖြစ်ပြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ရောဂါကူးစက်မှုအရေအတွက် ဒုတိယအများဆုံး ဖြစ်သည်။ ဗဟိုအာဖရိကတွင် ရောဂါကူးစက်မှုအနည်းဆုံးဖြစ်ကြောင်း အာဖရိက ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်