အာဖရိကတွင် ကိုဗစ်-၁၉ လူနာပေါင်း၇ ဒသမ ၁ သန်း ကျော်ရှိ 

mdn

 

အစ္စအဘာဘာ ဩဂုတ် ၁၃

အာဖရိကတွင် သြဂုတ် ၁၁ ရက် မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၇၁၀၃၀၂၇ ဦး ရောက်ရှိလာခဲ့ကြောင်း ၊ အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (အာဖရိကစီဒီစီ) က ပြောသည်။

အာဖရိက စီဒီစီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်းမှာ ၁၇၈၈၅၂ ဦးရှိလာပြီ ဖြစ်ကြောင်းနှင့် ၆၂၀၆၀၆၈ ဦးမှာ ကိုဗစ်-၁၉ ကင်းစင်သွားပြီဖြစ်ကြောင်း ၊ သိရသည်။ တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ အီသီယို ပီးယားနှင့် အီဂျစ်နိုင်ငံတို့သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ် ရေးနှင့် ကာကွယ်ရေးဌာနကပြောသည်။ ။

တောင်အာဖရိကတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၅၄၆၇၆၂ ဦးရှိလာပြီး အာဖရိက မြောက်ပိုင်းနိုင်ငံဖြစ်သည့်မော်ရိုကိုတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၇၁၁၁၀၃ ဦးရှိလာ ပြီဖြစ်သည်။ တောင်အာဖရိကသည်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ဒုတိယကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်သည်။ အာဖရိကအလယ် ပိုင်းသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အနည်းဆုံးဖြစ်ကြောင်း စီဒီစီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ