အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈ ဒသမ ၅ သန်းကျော်ရှိလာ

နိုဝင်ဘာ ၂၃

 

အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၅၈၂၉၈၃ ဦးရှိသည်ဟု အာဖရိက ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ (အာဖရိက စီဒီစီ)က ဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၂၁၇၂၁ ဦး ရှိကြောင်း ဥရောပသမဂ္ဂကျန်းမာရေးဆိုင်ရာအထူးအေဂျင်စီ၊ အာဖရိက စီဒီစီက ပြောကြားသည်။

 

ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူ ၈၀၂၉၀၅၅ ဦးခန့်ရှိသည်ဟု ထိုအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

 

တောင်အာဖရိက၊ မော်ရိုကို၊ တူနီရှားနှင့် အီသီယိုပီးယားနိုင်ငံတို့သည် အာဖရိကတွင် ရောဂါကူးစက်မှုအများဆုံး ဖြစ်သည်။

 

အာဖရိကရှိ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့ပြီးလျှင် တောင်အာဖရိကသည် ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားရာဒေသဖြစ်ပြီး ဗဟိုအာဖရိကသည် ကူးစက်မှုအနည်းဆုံးဒေသဖြစ်ကြောင်း အာဖရိကစီဒီစီ၏ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို