အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁ ဒသမ ၂၈ သန်းကျော်ရှိလာ

မတ် ၁၇

 

အာဖရိကတွင် ယမန်နေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၂၈၇၅၉၉ ဦးအထိ ရှိလာသည်ဟု အာဖရိကရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ(Africa CDC) က ဆိုသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၂၅၀၄၂၂ ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၀၅၅၅၁၉၅ ဦး အထိ ရှိလာသည်။

 

တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် လစ်ဗျားနိုင်ငံတို့သည် အာဖရိကတိုက်တွင် ရောဂါကူးစက်မှုအများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိက စီဒီစီကပြောကြားသည်။

 

တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၉၆၈၂၃ ဦးရှိပြီး မော်ရိုကိုနိုင်ငံတွင် ၁၁၆၂၂၃၆ ဦးနှင့် တူနီးရှားနိုင်ငံတွင် ၁၀၂၉၇၆၂ ဦးတို့ဖြစ်သည်။

 

တောင်အာဖရိကသည် အာဖရိကတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုအများဆုံးဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို